ကျောက်ပျဉ်

Powered by Drupal
Mon, 04/28/2025 - 12:39 -- consumer_admin

     ကျောက်ပျဉ်ဆိုသည်မှာ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အမွှေးနံ့သာလိမ်းကျံရာ၌ အသုံးပြုသောနံ့သာသွေးရာ ကျောက်ချပ်ပြားဖြစ်သည်။ များသောအားဖြင့် မြန်မာအမျိုး သမီးများသည်သနပ်ခါးကို လိမ်းကျံခြယ်သလေ့ရှိကြသဖြင့် သနပ်ခါးအများဆုံးသွေးရာ ကျောက်ပြားဖြစ်၍ သနပ်ခါးကျောက်ပျဉ်ဟုလည်းခေါ်သည်။ ထို့အပြင်နံ့သာဖြူ၊ ကရမက်၊ တောင်နံ့ကြီး စသောနံ့သာတုံးများကိုလည်း ကျောက်ပျဉ်တွင် တင်၍သွေးလေ့ရှိသည်။ ကျောက်ပျဉ်မှာအရွယ်အစား အမျိုးမျိုးရှိသော်လည်း ပုံသဏ္ဍာန်မှာ တစ်မျိုးတည်းပင် ဖြစ်သည်။ ကျောက်ပျဉ်ကို မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းခရိုင်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့နယ်အတွင်းရှိ ဂွေးချိုတောင်အနီး မင်းကန်ရွာများမှအများအပြားပြုလုပ် ရောင်းချ လျက်ရှိသည်။ စစ်ကိုင်းနယ်မှထွက်သောကျောက်ပျဉ်မှာ  မင်းကန်ရွာမှထွက်သော ကျောက်ပျဉ်ထက် ကျောက်သားရင့်သဖြင့် လူကြိုက်ပိုများသည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ နယ်၊အေးမြသီတာဈေးအတွင်းရှိ ကျောက်ပျဉ်အရောင်းဆိုင်များမှ ကျောက်ပျဉ်များကို စစ်ကိုင်းမြို့မှ မှာယူကြောင်း၊ ကျောက်ပျဉ်အကြီးတစ်ချပ်လျှင်(၁၅၀၀၀)ကျပ်၊ အလတ်တစ် ချပ်လျှင်(၁၂၀၀၀)ကျပ်၊ အသေးတစ်ချပ်လျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)