ခရမ်းကဆော့သီးဆေးဖက်ဝင်

Powered by Drupal
Mon, 04/28/2025 - 12:36 -- consumer_admin

   ခရမ်းကဆော့သီးကို ဆေးဖက်ဝင်မယ်ဆိုတာ သတိမထားမိဘူး။ သေချာမသိခဲ့ကြဘူး။ တခါတလေစားဖြစ်ပါကြောင်းသိရှိရပါသည်။ ဆေးဖက်ဝင်ခရမ်းကဆော့သီးကို ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါကြောင်း သိရှိရပါသည်။ ငပိရည်နဲ့တို့စရာအဖြစ်လည်းကောင်း၊ ငပိနှင့်ကြော်စား၍လည်းကောင်း စားလိုက်တိုင်း ဖောက်ခနဲဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကဆော့သီးကို လူကြိုက်များတယ်လို့ သိရှိရပါသည်။ ကင်ဆာရောဂါ ကာကွယ်ပေးခြင်း ၊အကိုက်အခဲသက်သာစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်း၊ အနာတွေကိုသက်သာစေနိုင်ခြင်း၊ အဖျားကျစေနိုင်ခြင်း၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ခြင်း၊ ဗီတာမင်စီချို့တဲ့မှုကင်းစေခြင်း၊ ရေယုန် သက်သာစေနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနိုင်ခြင်း၊ သန်ကျစေနိုင်ခြင်း၊ အမြင်အာရုံကောင်းစေနိုင်ခြင်းရှိသလို အရသာလည်းရှိ၊ စားလို့လည်းကောင်းတဲ့ ခရမ်းကဆော့သီးသည် ကျန်းမာရေးအကျိုးကျေးဇူးများကြောင်း သိရသည်။

      မြင်းခြံမြို့နယ်ရှိ‌ လေးအိမ်တန်းကျေးရွာနှင့်အခြားကျေးရွာများတွင် ခရမ်းကဆော့ပင်များ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းကဆော့သီးများကို မြင်းခြံမြို့အေးမြသီတာဈေး တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းကဆော့သီးဈေးနှုန်းမှာ (၂၅)ကျပ်သား (၂၀၀၀) ကျပ်ထိ ရောင်းချကြောင်းသိရပါသည်။ ယခုအခါအိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များမှအများဆုံး ဝယ်ယူကြသဖြင့် ခရမ်းကဆော့သီးများ အရောင်းအဝယ်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)