ဂေါ်ဖီထုပ်သည် မည်သည့်ဒေသတွင်မဆို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ဂေါ်ဖီထုပ်တွင် သကြားဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်စီ၊ ဖောလ်လစ်အက်ဆစ်၊ ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ သံဓာတ်၊ အန်တီအောက်ဆီဒန့်စသော အာဟာရဓာတ်များပါဝင်သည့်အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်သည်။ ဂေါ်ဖီထုပ်ကို လူအများစုကဟင်းချိုချက်ခြင်း၊ အသားတစ်မျိုး မျိုးဖြင့် အစိမ်းကြော်၍စားသုံးခြင်း၊ အသုပ်ထဲထည့်၍စားသုံးခြင်း၊ အကြော်စုံများနှင့် တွဲဖက် စားသုံးခြင်း၊ စားတော်ပဲနဲ့ကြော်စားခြင်း၊ ကော်ပြန့်၊ စမူဆာစသောသရေစာမုန့်များထဲတွင် အဆာ ပလာအဖြစ်ထည့်ခြင်း၊ တို့စရာအဖြစ်ငပိရည်နှင့်စားသုံးခြင်းစသည်ဖြင့် အမျိုးမျိုးစားသုံးကြပါသည်။ ဂေါ်ဖီထုပ်သည် ရာသီပေါ်အစားအစာမဟုတ်ပဲ တစ်နှစ်ပတ်လုံး ဝယ်ယူစားသုံး၍ရရှိသော သီးနှံတစ် မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်သည်ကိုယ်ခံစွမ်းအားကောင်းစေခြင်း၊ ကင်ဆာနှင့်နှလုံးရောဂါဖြစ်ပွားနိုင် ခြေကို လျော့ကျစေခြင်း၊ ဝမ်းမှန်စေခြင်း၊ သွေးအတွင်းမကောင်းသောအဆီဓာတ်များကို လျော့နည်း စေခြင်းစသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ ဂေါ်ဖီထုပ်ကိုစားသုံးသောအခါ သတိထားရမည့်အချက်များမှာ တစ်ခါစားလျှင်အနည်းဆုံး(၁၀၀)ဂရမ်သာစားသုံးသင့်ပြီး အစိမ်းစား မည်ဆိုပါက ရေစင်အောင်သေချာဆေးကြောသင့်ပါသည်။ ထို့အပြင် ဂေါ်ဖီထုပ်ကို ကြော်ချက်ပါက မီးပြင်းပြင်းဖြင့်အချိန်ကြာကြာကြော်ချက်လျှင် ကျန်းမာရေးအကျိုးပြုသောအာဟာရဓာတ်များ ပျက်စီးဆုံးသွားနိုင်ပါသည်။
ထိုသို့ကျန်းမာရေးအတွက် ကောင်းကျိုးများသောဂေါ်ဖီထုပ်ကို မြင်းခြံမြို့နယ်ရှိကျေးရွာများနှင့် ရှမ်းပြည်ဘက်မှ အများဆုံးဝင်ရောက်ကြကြောင်း သိရသည်။ မြင်းခြံမြို့အေးမြသီတာဈေးအတွင်းရှိ ဂေါ်ဖီထုပ်ရောင်းချနေသော ဈေးနှုန်းများမှာ တစ်စိပ်ကို(၅၀၀)ကျပ် တစ်ထုပ်လျှင်(၁၅၀၀-၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)