ဖရဲသီးနှင့်ကျန်းမာရေး

Powered by Drupal
Fri, 04/25/2025 - 12:54 -- consumer_admin

    ဖရဲသီးကို မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စိုက်ပျိုုးနေကြပါသည်။ဖရဲသီးက အခွံစိမ်းပြီး အတွင်းသားက အနီရောင်ရှိသလို အဝါရောင်လည်းရှိပါတယ်။အရည်ရွမ်းပြီး အစိမ်းစားလို့ရတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး နွားနို့၊သကြားတို့ဖြင့် ဖျော်သောက်လို့ရပါတယ်။ဖရဲသီးမှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓါတ်၊ဗီတာမင်၊သတ္တုဓါတ်နဲ့အော်ဂဲနစ်ဒြပ်ပေါင်းတွေ ပါဝင်ပြီး ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊အမျှင်ဓါတ်၊ပရိုတင်းနဲ့ပိုတက်ဆီယမ် တို့ပါဝင်ပါတယ်။ဖရဲသီးက အချိုတည်းဖို့ သက်သက်ပဲ အသုံးဝင်တာမဟုတ်ဘဲ ကျောက်ကပ်ထဲကအဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထောက်အကူပြုခြင်း၊ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေသောကြောင့် ကျောက်ကပ်တွေကို ကျန်း မာစေနိုင်ပါတယ်။ ဖရဲသီးမှာရေဓါတ်များစွာပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကို ရေဓါတ်ပြည့်ဝစေသည်။ဖရဲသီးမှာပါတဲ့ ကာရိုတီးနွိုက်က သွေးကြောနံရံတွေ တောင့်တင်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သလို  သွေးတိုးတာနဲ့သွေးခဲတာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဆီးချိုရောဂါ၊နှလုံးရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဖရဲသီးကို နေ့တိုင်းအများကြီးစားမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ဝမ်းလျောတာ အစာမကြေတာနဲ့ လေပွတာတွေဖြစ်နိုင်ဒါကြောင့် ဖရဲသီးကို ပုံမှန်နဲနဲစားပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်မည်ဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။

DOCA(တနင်္သာရီ)