သီဟိုဠ်၏ကောင်းကျိုး

Powered by Drupal
Fri, 04/25/2025 - 12:52 -- consumer_admin

    သီဟိုဠ်ပင်ကို တနင်္သာရီနှင့်ရခိုင်ကမ်းရိုးတန်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပြီးမွန်ပြည်နယ်၊ ကရင်ပြည် နယ်၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ သီဟိုဠ်သည် သရက်မျိုးတွင်ပါဝင်၍ အနောက်တိုင်းသရက်ဟု ခေါ်ဆိုရပေမည်။ သီဟိုဠ်သရက်အဆံမှာ ပြည်ပ စျေးကွက်ဝင်စျေးကောင်းရသော နှစ်ရှည်ပင်လည်းဖြစ်ပါသည်။

    မြန်မာဆေးကျမ်းများအရ သီဟိုဠ်သည်သလိပ်၊ သည်းခြေကို နိုင်သည်ဟုဆိုလေသည်။ ထို့အပြင် ပွေးနာ၊အသားမာတို့ ကုသရန်ဆေးများတွင် ထည့်သွင်းအသုံးပြုကြသည်။ သိပ္ပံနည်းကျ သောနည်းစနစ်များဖြင့် ထုတ်ယူရရှိသည့်အစေ့ခွံမှအဆီသည် သစ်သားများ၊ စာအုပ်များကို သုတ်လိမ်းထားလျှင် ခြမကိုက်နိုင်ဟုဆိုကြသည်။ သီဟိုဠ်ပင်၏ အခေါက်မှထွက်သော အစေးသည် စိုက်ပျိုးသီးနှံပင်များအားဖျက်ဆီးသည့် ပိုးပွားများကို နှိမ်နင်းရန်လည်း အသုံးဝင်သည်ဟုလည်း ဆိုကြသည်။

    သီဟိုဠ်အစေ့ဆန်အား ဒံပေါက်၊‌ရေခဲမုန့်၊လက်ဖက်အကြော်စုံနှင့် အခြားမုန့်များ ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ရှိပြီး သီဟိုဠ်သီးကို ဝိုင်၊အရက်၊ယိုနှင့် အဖျော်ယမကာများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။

DOCA(တနင်္သာရီ)