ဗာဒံပင်(သို့)ဗာဒံစေ့ရဲ့များပြားလှတဲ့ကောင်းကျိုး

Powered by Drupal
Fri, 04/25/2025 - 12:20 -- consumer_admin

     မြန်မာပြည်မှာ ဗာဒံပင်(ပန်ဒါသီး)လို့ အလွယ်ခေါ်လေ့ရှိတာကြောင့် လူသိများခဲ့ကြတယ်။ ဗာဒံပင်က အကြီးမြန်ပြီး အရွက်တွေကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့်မြန်မာ နိုင်ငံမှာအရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ ဗာဒံပင်ကိုတော့ နေရာအနှံ့အပြားမှာ ပေါက်လေ့ရှိကြတာရယ်ကြောင့် အရိပ်ရပင်မှရတဲ့အစေ့ရဲ့ကျန်းမာရေးတန်ဖိုးကို သတိမမူမိကြကြောင်း သိရှိရပါတယ်။

       အပင်ကို ပေါပေါများများမြင်တွေ့နေရတာခြင်းကြောင့် အသီးသီးလာ၍ အသီးများကြွေ ကျလာတဲ့အခါ အုတ်ခဲဖြင့် ထုခွဲပြီးစားနေကြသော အထဲကအဆန်ကို ဆိမ့်ဆိမ့်လေးနဲ့စားရတာ တော်တော် လေးအရသာရှိလှပါတယ်။ အပျင်းပြေစားလို့ဆိုပြီး စားခဲ့တဲ့ဗာဒံစေ့လေးဟာက ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း သိရှိရပါတယ်။ ဗာဒံစေ့က အေးမြတဲ့အစွမ်း သတ္တိရှိတာကြောင့်လည်း ပူပြင်းခြောက်သွေ့တဲ့ နွေရာသီများမှာ ဗာဒံစေ့နဲ့ဖော်စပ်ထားတဲ့ ဖျော်ရည်၊ကိတ်မုန့်နှင့်ချော့ကလက်များ ပြုလုပ်ရာတွင်လည်းကောင်း အထူးတလည်အသုံးပြုနေကြတယ်လို့သိရပါတယ်။ ဒါကြောင့်လည်း ဗာဒံစေ့ဟာ အသားအရေကိုပြန်လည်နုပျိုစေ၍ မှတ်ဥာဏ်စွမ်းအားများလည်း ကောင်းစေလို့ ကျား/မ မရွေး စားသုံးကြဖို့ အကြံပြုထားကြပါသည်။

    ဗာဒံစေ့ထဲမှာ ဗီတာမင်အီး၊ပြည့်၀ဆီ၊မဂ္ဂနီစီယမ်နှင့် ခန္ဓာကိုယ် အကျိုးပြုဓာတ်တိုးဆန့်ကျင်သော အာနိသင်ကြွယ်ဝတဲ့ဗာဒံစေ့က ကင်ဆာရောဂါမဖြစ်အောင် အထိရာက်ဆုံးကာကွယ်ပေးနိုင်ပါတယ်လို့ သိရှိရပါသည်။

DOCA(တနင်္သာရီ)