စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ကုလားပဲများ အခြေခံရည်ညွှန်းဈေးနှုန်းအောက်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိခြင်း

          အိန္ဒိယနိုင်ငံတစ်ဝန်း၌ ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံရာသီတွင် စိုက်ပျိုးထားရှိသော ကုလားပဲများအား ရိတ်သိမ်းလျှက်ရှိပြီး မဒ္ဒရာပရာဒေ့ရှ်၊ မဟာရဋ္ဌ၊ ဂူဂျရတ်တို့အပါအဝင် အဓိက စိုက်ပျိုးထုတ်လုပ်ရာပြည်နယ်များရှိ ကုန်စည်ဒိုင်များသို့ ဈေးကွက်ဝင်ရောက်မှု များပြားလျှက်ရှိရာ အစိုးရက အနိမ့်ဆုံးထားဝယ်ယူပေးမည့် အခြေခံ ရည်ညွှန်းဈေးနှုန်း(MSP)အောက် ၁၅ % ခန့်အထိ ဈေးနှုန်းများကျဆင်းလျှက်ရှိကြောင်း၊ အိန္ဒိယ ပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်းမှ ဒု-ဥက္ကဋ္ဌဖြစ်သူက ယခုနှစ်တွင် ကုလားပဲအထွက်နှုန်းကောင်းမွန်မှုရှိပြီး မဟာရဋ္ဌနှင့်ဂူဂျရတ်ပြည်နယ်တို့၌ ကုန်စည်ဒိုင် များသို့ဈေးကွက်ဝင်ရောက်မှုသည် ပုံမှန်ထက် ၂၅% ခန့်ပိုမိုလျှက်ရှိရာ ကုလားပဲအတွက်  သတ်မှတ် ထားသည့် MSP ဈေးနှုန်း ၁ ကွမ်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီးငွေ ၅၂၃၀ အောက် ၁၅% ခန့် လျော့နည်း၍ ရူပီး ၄၃၀၀ မှ ၄၄၀၀ အတွင်း၌သာ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ကုလားပဲ ဈေးနှုန်းကို တောင်သူများအကျိုးတူဖြစ်ထွန်းမည့်ဈေးနှုန်းအထောက်အပံ့ဖြစ်စေရန်အတွက်  အစိုးရ အနေဖြင့် သီးနှံလက်ဝယ်ထားရှိသိုလှောင်နိုင်ခွင့်ကန့်သတ်ချက်အားပယ်ဖျက်ပြီး အနာဂတ်ကာလ အတွက် ကုလားပဲသီးနှံ ကြိုတင်ရောင်းဝယ်မှုကိုခွင့်ပြုပေးသင့်ကြောင်း၊ ကုန်စည် သိုလှောင် ဈေး ကစားမှု မဖြစ်ပေါ်စေရေးနှင့် ဈေးကွက်တည်ငြိမ်မှုရှိစေရေးတို့အတွက် အိန္ဒိယအစိုးရသည် ပဲမျိုးစုံ လက်ဝယ် သိုလှောင်ထားရှိနိုင်မှုကိုကန့်သတ်လျှက် ကြိုတင်ရောင်းဝယ်ခြင်းများကိုလည်း တားမြစ် ထားရာ ယခုကဲ့သို့သီးနှံအမြောက်အများထွက်ပေါ်ချိန်၌ ကုန်သည်များ၏ဝယ်ယူရင်းနှီးမြှုပ်နှံလိုမှုမှာ အစိုးရ၏ MSP အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ကုလားပဲဝယ်ယူရေးလုပ်ငန်းအဆင့်ဆင့်ကို  ပြည်နယ် များ၌ဆောင်ရွက်လျှက်ရှိရာ အစိုးရ၏ဝယ်ယူရေးလုပ်ငန်းအပြည့်အဝလုပ်ဆောင်နိုင်ချိန်၌ ကုလားပဲ ဈေးနှုန်းများမှာတည်ငြိမ်မှုရရှိလာမည်ဖြစ်ကြောင်းကုန်သည်များကပြောဆိုလျှက်ရှိသည်ဟု သတင်း ဌာနကဖော်ပြထားကြောင်း၊ အိန္ဒိယ ပဲခွဲစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ က ပဲစင်းငုံနှင့်ပဲတီစိမ်း တို့နည်းတူ ကုလားပဲသည်လည်း MSP ဈေးနှုန်း၏အောက်၌ အနိမ့်ကျဆုံးအခြေအနေဖြင့် ရောင်းချ လျှက်ရှိရာတွင် အစိုးရ၏ MSPဈေးနှုန်းဖြင့် စတင်ဝယ်ယူလာမှုအရ ယခုထက်ပို၍ ကုလားပဲဈေးနှုန်း ကျဆင်းဖွယ်မရှိဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- နယူးဒေလီမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကိုခံသာမှုရှိစေရေးအစီအမံများချမှတ်ခြင်း

          ဘယ်လ်ဂျီယံနိုင်ငံ၌ စွမ်းအင်ဈေးနှုန်း မြင့်တက်နေမှုပြဿနာကို ဖြေရှင်းနိုင်ရေး အစီအမံ များ  ချမှတ်ဆောင်ရွက်သွားရန် ဘယ်လ်ဂျီယံနိုင်ငံ ဖက်ဒရယ်အစိုးရက သဘောတူညီခဲ့ပြီး  ယင်း အစီအမံများအရဓါတ်ငွေ့အပေါ်ကောက်ခံသည့်တန်ဖိုးဖြည့်ခွန်(VAT)ကို၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ကုန်အထိ၂၁ % မှ ၆ % သို့လျှော့ချသွားမည်ဖြစ်ကြောင်း၊အနွေးပေးဆီအသုံးပြုရသည့် အိမ်ထောင်စု များအတွက်ယူရို(၂၀၀)တန်ဖိုးရှိ စွမ်းအင်အသုံးပြုခ ချက်လက်မှတ်များကို ပံ့ပိုးပေးမည်ဖြစ်ပြီး ဓါတ် ဆီနှင့်ဒီဇယ်ဆီတို့အတွက်  ကောက်ခံသည့်အခွန်ကို တစ်လီတာလျှင် ယူရို(၁၇.၅)ဆင့် လျှော့ချပေး သွားမည်ဖြစ်သည့်အပြင်ဝင်ငွေနိမ့်အိမ်ထောင်စုများအတွက်စွမ်းအင်သုံးစွဲခများအား social energy tariff  နှုန်းဖြင့်ပေးချေနိုင်သည့် ယာယီအစီအစဉ်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိ ထပ်မံသက်တမ်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံအစိုးရသည် လျှပ်စစ်ဓါတ်အားခ အတွက် VATနှုန်းထားကို ၂၁ % မှ ၆ % သို့ ယာယီလျှော့ချထားပြီးဖြစ်ရာ ယခုအခါ ဓါတ်ငွေ့အတွက်  VAT နှုန်းထားကိုပါ အလားတူလျှော့ချခဲ့ခြင်းဖြစ်ပြီး ထိုသို့လျှော့ချမည့်ကာလအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ထိ တိုးမြှင့်ခွင့်ပြုခဲ့ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံအစိုးရအနေဖြင့် ဝင်ငွေနိမ့် အိမ်ထောင်စုများအတွက် စွမ်းအင်သုံးစွဲခများအား social energy tariff နှုန်းဖြင့် ပေးချေနိုင်သည့် ယာယီအစီအစဉ်အပေါ် ပြန်လည်သုံးသပ်မှုများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလလယ်တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့‌ရေးကွင်းဆက်ပြဿနာများနှင့် ယူကရိန်းပဋိပက္ခ၏ သက်ရောက်မှု တို့ကြောင့် ထုတ်လုပ်မှုရပ်နားထားရသည့်ကုမ္ပဏီများအတွက်  ဝန်ထမ်းများအား ယာယီအလုပ် လက်မဲ့အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်သည့်အစီအမံကို ကာလတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ၌အစိုးရက ၎င်းအစီအမံများအတွက်  စုစုပေါင်းကုန်ကျစရိတ် ယူရို(၁.၃)ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

Brent ရေနံစိမ်းဈေးကျဆင်းမှုကြောင့် ဩစတြေးလျငွေတန်ဖိုးကျဆင်းသွားခြင်း

          Brent ရေနံစိမ်းဈေးသည် ရက်သတ္တပတ်များစွာကြာအောင် ရောင်းဝယ်ဖောက်ကားမှုမှ ကျဆင်းလာသောကြောင့် ဩစတြေးလျရေနံထုတ်လုပ်သူများနှင့် ပြည်တွင်းသုံးငွေများကိုထိခိုက်မှု ဖြစ်ပွားလျှက်ရှိကြောင်း၊ASX 200 သည် မတ်လလယ်တွင် ၀.၇% အရှုံးဖြင့် အရောင်းအဝယ်ပြုလုပ် ခဲ့ပြီး နောက်ဆုံးတွင်၇၀၉၈ မှတ်ဖြင့်ပိတ်သွားခဲ့ရာ ကြီးကြီးမားမားအရှုံးပေါ်သူများထဲတွင် Champion နှင့် Chalice သတ္ထုတွင်းတို့ပါဝင်ပြီး နှစ်ဉီးစလုံးမှာ ၁၀% ခန့်ဆုံးရှုံးမှုရှိကြောင်း၊အခြားတစ်ဖက်တွင် Uniti Group သည် ဝယ်ယူရန်ဆွေးနွေးမှုများ ပြုလုပ်နေသည့်အစီရင်ခံစာများပေါ်တွင် ၂၇% အမြတ်ရှိခဲ့ပြီး Beach Enengy နှင့် BHP အပါအဝင် အခြားကုမ္ပဏီများမှာ ၅ % ဆုံးရှုံးခဲ့ရာ ၎င်းတို့ နှစ်ဉီးစလုံးသည် ရေနံထုတ်လုပ်မှုတွင် အကျိုးတူစီးပွားများရှိနေကြောင်း၊ယူကရိန်းနှင့်ရုရှား ပဋိပက္ခ ကြောင့် သီတင်းပတ်များအကြာ ရေနံဈေးတက်နေခဲ့ပြီး ရုရှားသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကုန် ပစ္စည်းထုတ်လုပ်သူဖြစ်ရာ အဆိုပါပဋိပက္ခကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုမှာမေးခွန်းထုတ်စရာဖြစ်ခဲ့ ကြောင်း၊ယခုရေနံဈေးနှုန်းမျာ ရုရှား- ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် ရက်ပိုင်းအတွင်း သဘောတူညီချက်မူကြမ်းမျာ အကောင်အထည်ဖော်နိုင်မည်ဟု နှစ်ဖက်ကိုယ်စားလှယ်အချို့၏ ပြောဆိုမှုများနှင့်အတူ ရေနံဈေးနှုန်း အမြင့်မှကျဆင်းခဲ့ကြောင်း၊လောင်စာဆီဈေးနှုန်းများ မြင့်တက် လာခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများသည် စတော့ဈေးကွက်ကို ဆက်လက် မတည်မငြိမ်ဖြစ်စေလိမ့်မည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားကြောင်း၊ ဩစတြေးလျ ရေနံအဖွဲ့အစည်း၏ အချက်အလက်များအရ ယခုအခါ နိုင်ငံတွင်းပျမ်းမျှဈေးမှာ 92 နှင့် 98 Octane ဓါတ်ဆီတစ်လီတာ၏ ပျမ်းမျှဈေးနှုန်းမှာ ဩစတြေးလျဒေါ်လာ ၁၉၇.၆ ဆင့်ဖြင့် စံချိန်တင်မြင့်မား နေကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)