ဗီယက်နမ်နိုင်ငံ၏ VinFast ကုမ္ပဏီမှ အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်ကား စက်ရုံတည်ဆောက်ရန် စီစဉ်နေ

Powered by Drupal

    ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ကားကုမ္ပဏီ VinFast သည် အင်ဒိုနီးရှားနိုင်ငံတွင် စက်ရုံတည်ဆောက်ရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ယခုနှစ်တွင် စတင်သွားရန် စီစဉ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ စက်မှုဝန်ကြီး၏ ပြောကြားချက်အရ သိရပါသည်။ လက်ရှိတွင် Vinfast နှင့် စက်ရုံတည်ဆောက်ရန်ဖြစ်နိုင်ချေရှိသော နေရာများအား ဆွေးနွေးနေကြောင်း ဂျကာတာမြို့တွင် ၁၉.၂.၂၀၂၄ က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ပြုလုပ်ခဲ့သည့်အစည်းအဝေး တက်ရောက်အပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အင်ဒိုနီးရှားအစိုးရအနေနှင့် စက်ရုံ တည်ဆောက်ရန် ဖြစ်နိုင်ချေရှိသော နေရာများအဖြစ် ဘတန်မြို့၊ ကာရဝမ်မြို့၊ ဗဟိုဂျာဗား၊ အနောက်ဂျာဗားတို့ကို ပဏာမဦးစားပေးအနေနှင့် စာရင်းလုပ်ထားပါသည်။ Vinfast ကုမ္ပဏီသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံတကာ ကားပြပွဲတွင် သမ္မတ ဂျိုကိုဝီဒိုဒို၏ အာရုံစိုက်မှုကို ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါပြပွဲတွင် VinFast သည် ၎င်းတို့၏ ပထမဆုံးသော ညာမောင်းလျှပ်စစ်ကားစီးရီးများကို စတင်ပြသခဲ့ပါသည်။ အစောပိုင်း ပြောကြားချက်အရ VinFast သည် အင်ဒိုနီးရှားနိုင်ငံတွင် တစ်နှစ်လျှင်ကား အစီးရေ ၅၀၀၀၀ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ကားစက်ရုံကို တည်ဆောက်သွားမည်ဖြစ်ပြီး ဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးကာ အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကားစက်မှုလုပ်ငန်းကို ပံ့ပိုးပေးသွားမည်ဟု သိရပါသည်။

Source : ANTARA News

DOCA(ရန်ကုန်)