ကမ္ဘောဒီးယားမှ ဆန်နှင့်ဆေးရွက်ကြီးကုန်ကြမ်း တင်သွင်းမှုအပေါ် ဗီယက်နမ် အခွန်သက်သာ ခွင့်ပြု

Powered by Drupal

     ၂၀၂၃-၂၀၂၄ ခုနှစ် ကာလအတွက် ချုပ်ဆိုထားသည့် ဗီယက်နမ်-ကမ္ဘောဒီးယား ကုန်သွယ်မှု မြှင့်တင်ရေး သဘောတူစာချုပ်အရ နှစ်နိုင်ငံအကောင်အထည်ဖော်ဆောင်ရွက်မှုတစ်ခုအနေဖြင့် ဗီယက်နမ်အစိုးရည် ကမ္ဘောဒီးယားကုန်ပစ္စည်းများအတွက် သွင်းကုန်အခွန်စည်းကြပ်မှု အထူး သက်သာခွင့်ဆိုင်ရာ အမိန့်ကြော်ငြာစာကို စာအမှတ် 5/2024/ND-CP ဖြင့် ထုတ်ပြန်ခဲ့ကြောင်း Vietnam Plus သတင်းဌာနက ၂၅-၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

       ယင်းအမိန့်ကြော်ငြာစာတွင် သွင်းကုန်အခွန်စည်းကြပ်မှု အထူးသက်သာခွင့်ဆိုင်ရာ အခွန် နှုန်းထားများ အပါအဝင် အခွန်အထူးသက်သာခံစားခွင့် ရရှိရန် လိုအပ်သောအခြေအနေတို့ကို ဖော်ပြထားကြောင်းနှင့်  ကမ္ဘောဒီးယားနိုင်ငံဘက်မှ အသိအမှတ်ပြုခံရသည့်ဌာနများက ထုတ်ပေး သည့် C/O form S ပါရှိရမည်ဖြစ်ပြီး အခွန်အထူးသက်သာခွင့် အစီအစဉ်အရ သယ်ယူ ပို့ဆောင်ခွင့်ရှိသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ သတ်မှတ်ထားကြောင်း သိရပါသည်။

          ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံမှထွက်ရှိသော ဆန်နှင့် ပြုပြင်မထားသော ဆေးရွက်ကြီးများ အတွက် အကောက်ခွန်နှုန်းထားများအပါအဝင် တင်သွင်းခွင့်ပြုထားသည့် သွင်းကုန်ခွဲတမ်းများကို လည်း အမိန့်စာတွင် ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားပါသည်။

          ယင်းအမိန့်စာအရ ဗီယက်နမ်နယ်စပ်နှင့်ထိစပ်နေပြီး ဗီယက်နမ်လုပ်ငန်းများ၏ အ‌ထောက် အပံ့ဖြင့်လုပ်ကိုင်သော ကမ္ဘောဒီးယားကုမ္ပဏီများ၊ အိမ်ထောင်စုများနှင့် လူပုဂ္ဂိုလ်တို့က ထုတ်လုပ် သော ဆန်နှင့်ဆန်ထွက်ပစ္စည်းများအား ဗီယက်နမ်နိုင်ငံသို့တင်သွင်းသည့်အခါ ပို့ကုန်နှင့်သွင်းကုန် အခွန်ဆိုင်ရာ တည်ဆဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။

          ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ရှိလာသော ဆန်နှင့်ဆေးရွက်ကြီးတို့ကို အခြားဈေးကွက်များသို့ ပြန်လည်တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက ဗီယက်နမ်နိုင်ငံသို့ တင်သွင်းခြင်းအတွက် အဆိုပါအမိန့်သည် ဗီယက်နမ်အစိုးရမှ ချမှတ်ထားသော ယာယီသွင်းကုန် နှင့် ပြန်လည်တင်ပို့ခြင်းလုပ်ငန်းစဉ်များနှင့် လက်မှတ်ရေးထိုးထားသည့် သက်ဆိုင်ရာ ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ်များကို နှစ်ဖက်လုံးက လိုက်နာရမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Source: Vietnam Plus, 25 January 2024