ပြည်လက်လီပဲဈေးကွက်၌ ပဲလွမ်းဖြူဈေးနှုန်းနိမ့်နေ

Powered by Drupal

    ပြည်ပဲဈေးကွက်မှာ လက်လီ/လက်ကားပဲမျိုးစုံ နေ့စဉ် ရောင်းဝယ်မှုဖြစ်ခဲ့ကြပြီး လက်လီရောင်းဝယ်မှုဖြစ်နေသောပဲများမှာ ဘိုကိတ်၊ ပဲလွမ်းဖြူ၊ စားတော်ပဲ၊ ထောပတ်ပဲတို့ဖြစ်ကာ ပဲလွမ်းဖြူသီးနှံမှာမူ ဈေးကွက်အတွင်း ဈေးအနိမ့်ဖြင့် ရောင်းချမှုဖြစ်နေခဲ့ကြပါသည်။ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် (၅၃၀၀၀)ကျပ်ခန့်ရရှိသောကြောင့် ယခင်နှစ်ထက် ဈေးပိုသော်လည်း တခြားလက်လီပဲအားလုံးတို့အောက် ဈေးလျော့နည်းခဲ့ပါသည်။ ယခင်နှစ်၊ ဩဂုတ်လအတွင်း ပဲလွမ်းဖြူဈေးမှာ တစ်တင်းလျှင် (၄၅၀၀၀)ကျပ်ရရှိခဲ့သော်လည်း ယခုနှစ် ဩဂုတ်လတွင်မူ ယခင်နှစ်ဈေးထက် ကျပ်(၁)သောင်းနီးပါးခန့်သာဈေးပိုရလာခဲ့ပါသည်။ ပဲလွမ်းဖြူသီးနှံသည် ပဲထွက်ပေါ်ချိန်ကာလတွင်သာ လက်လီ/လက်ကားရောင်းဝယ်မှုအဖြစ်များပြီး ကျန်ကာလများ၌ လှောင်ပဲလက်ကျန်ဖြင့် လက်လီရောင်းဝယ်ကြသည့်အတွက် တစ်ရက်လျှင် အိတ် (၂၀/၃၀)ကျော်ရောင်းချမှုဖြစ်နေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)