ချောက်ခရိုင်၊ ချောက်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းစျေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေး၌ ပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ်လာရောက်သည့်အပြင် ဆိပ်ဖြူနှင့် ယောဒေသမှ စားသုံးသူများကလည်း လာရောက်ရောင်းဝယ်ဖောက်ကားကြပါသည်။ ရေထွက်ကုန်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ မှာယူရောင်းချကြောင်းသိရပါသည်။

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)အတွင်း ချောက်မြို့မစျေး၌ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းစျေးနှုန်းများမှာ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)၊ ပုစွန်ခြောက်(အမှုန့်) (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၄၈၀၀၀)၊ ငါးပုတ်သင်လုံး (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးပုတ်သင်ပြား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးတံခွန်‌ခြောက်(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ မြီးဆံသွယ်(၁) ပိဿာလျှင် ကျပ်(၉၅၀၀)၊ အာဗြဲခြောက် (၁)ပိဿာလျှင် ကျပ်(၁၈၅၀၀)စျေးများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)