Guitar Butterfly Music (ကလေးကစားစရာ အသံမြည်ဂစ်တာ)
Alert Number - A12/00474/21
Date published - 18/03/2021
အမျိုးအစား - ကလေးကစားစရာပစ္စည်း
ကုန်စည် - အရုပ်
အမည် - Guitar Butterfly Music
မော်ဒန်နံပါတ် - Artikelnummer: 229116
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါ ကလေးကစားစရာ ဂစ်တာပါ သိုင်းကြိုး(လွယ်ရသည့်ကြိုး) အား ကလေးများအနေဖြင့် လွယ်၍ ဆော့ကစားပြီး ပြန်လည်ချွတ်သည့်အခါ အလွယ်တကူချွတ်၍ မရတတ်သဖြင့် ကလေး များအတွက် ဘေးအန္တရာယ်ရှိစေကြောင်း အသိပေး ကြေညာထားပါသည်။
အသိပေးချက်
အဆိုပါပစ္စည်းသည် Toy Safety Directive European standard EN 71-1နှင့်ကိုက်ညီမှု မရှိ ကြောင်းကိုလည်း အသိပေးထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများ သိရှိစေရန် အသိပေး တင်ပြအပ်ပါသည်။
အသိပေးချက်ထုတ်ပြန်သည့်နိုင်ငံ - ဩစတြီးယား

















