
နေပြည်တော်၊ တပ်ကုန်းမြို့မှစားသုံးသူတစ်ဦးက ကားအာမခံပစ္စည်းဆုံးရှံးမှုအား လျော်ကြေး တောင်းခံခြင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးမှုမရှိပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန Website Complaint System သို့ ဆက်သွယ်တိုင်ကြားလာပါသည်။
အဆိုပါတိုင်ကြားလာမှုနှင့် ပတ်သက်၍ တိုင်ကြားသူအားဖြေရှင်းပေးစေလိုသည့် အချက် အလက်များအား မေးမြန်းစုံစမ်းရန် နေပြည်တော်ဦးစီးမှူးရုံးသို့ဆင့်ခေါ်ခဲ့ရာ တိုင်ကြားသူမှ ပြည်ပသို့ခရီးလွန်နေပါသဖြင့် ဆိုင်းငံ့အမှုအဖြစ်ထားရှိပြီး ယခုအခါတွင် တိုင်ကြားသူသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး နေပြည်တော်ဦးစီးမှူးရုံးသို့ဆက်သွယ်လာခဲ့ရာ မိမိအနေဖြင့် ပြုတ်ကျပျောက်ဆုံးသွားသော ကားဘီးအဖုံးအား ရှာဖွေဝယ်ယူရရှိခဲ့ပါသဖြင့် တိုင်ကြားထား သည့်အမှု အားတိုင်ကြားခြင်းမပြုတော့ဘဲ မိမိသဘောဆန္ဒအရ အမှုအားပိတ်သိမ်းပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်လာခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ပြည်ထောင်စုနယ်မြေ)
