Main menu

ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဒေးဒရဲမြို့မဈေးအတွင်းရှိ ဒေါ်အမာနီဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့ဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ( ၁၉)ရက်၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆန်များအာ သတ်မှတ်ဈေးနှုန်းထက် ကျော်ယူရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

        အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလရည်ညွှန်းဈေးနှုန်းအပေါ် သင့်တင့်မျှတ စွာတွက်ချက်ရောင်းချနေမှုများကို စစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆိုင်ရှင်များအားမှာကြားခဲ့ပြီးဒေးဒရဲ   မြို့နယ်မှဆန်စပါးသိုလှောင်ရုံ(၁၀၀)လုံးသက်တမ်းတိုး  ဆောင်ရွက်ပြီးဖြစ်ကြောင်း ကိုဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား ပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)