Main menu

EV ကားဝယ်ယူခြင်းနှင့် ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Car Showroom တစ်ခုထံမှ BYD Atto3 အမျိုးအစား EV ယာဥ်အား Pre-Order တင်ပြီး စရံငွေကျပ် ၂၉,၇၀၀,၀၀၀/-ကို ပေးချေခဲ့သော်လည်း ကားအပ်နှံခြင်းမရှိသောကြောင့် တိုင်ကြားလာပါသည်။ ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ၂၁-၅-၂၀၂၅ ရက်နေ့၌ တိုင်ကြားသူတင်ပြထားသည့် စာရွက်စာတမ်းများနှင့် ပြေစာအထောက်အထားများအား မှန်ကန်မှုရှိ/မရှိ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်ကြားသူမှ BYD Atto3 အမျိုးအစား EV ယာဉ်အား Pre-Order မှာယူစဥ်က ပေးအပ်ခဲ့သည့် စရံငွေကျပ် (၂၉၇)သိန်းနှင့် (၂)နှစ်ကျော်ကြာမြင့်သွားသဖြင့် နစ်နာဆုံးရှုံးမှုအတွက် ငွေကျပ် (၄၀၀)သိန်း၊ စုစုပေါင်းငွေကျပ် (၆၉၇)သိန်း ပေးလျော်စေလိုကြောင်း တင်ပြတောင်းဆိုပါသည်။ Car Showroom ပိုင်ရှင်မှလည်း ၎င်းတို့၏ ပြေစာအထောက်အထားများ မှန်ကန်ပါကြောင်း၊ စရံငွေလည်း အမှန်တကယ် လက်ခံရရှိထားပါကြောင်း၊ မူဝါဒအပြောင်းအလဲပေါ်တွင် လိုက်ပါဆောင်ရွက် ရသည့်အတွက် ကားအပ်နှံမည့်မေလကုန်တွင် ကားအပ်နှံနိုင်မှု မရှိခဲ့ပါကြောင်း တင်ပြဆွေးနွေး ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက နှစ်ဦးနှစ်ဖက်တင်ပြချက်များအပေါ် စိစစ်ပြီးနောက် စရံငွေကျပ် (၂၉၇)သိန်းနှင့် နစ်နာဆုံးရှုံးမှုအတွက် ဒေါ်လာဈေး၊ ရွှေဈေး၊ ဘဏ်တိုးနှုန်းများကို အခြေခံတွက်ချက်ထားသည့် ပျမ်းမျှနှုန်းထားဖြစ်သည့် ငွေကျပ်(၂၂၅)သိန်း၊ စုစုပေါင်းငွေကျပ် (၅၂၂)သိန်းကို ငွေပြန်လည်ပေး‌စေရန် စီးပွားရေးလုပ်ငန်းရှင်အား ညှိနှိုင်းဆွေးနွေးမှုကို နှစ်ဦးနှစ်ဖက်သဘောတူလက်ခံခဲ့ပြီးည(၁၉-၆-၂၀၂၅)ရက်နေ့တွင် ဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်၌ ပြန်လည်ပေးလျော်ခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်လက်ခံမှုရရှိခဲ့သဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။