Main menu

ဆန်ဈေးနှုန်းများ ကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အနေဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံတို့မှ ဦးဆောင် ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဆန်ရောင်းချ မှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၁၉.၆.၂၀၂၅)ရက်နေ့တွင် ကင်မလင်းကျွန်း ရပ်ကွက်အတွင်းရှိ ဆန်အရောင်းဆိုင်များအား သွားရောက်၍ စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်း များအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)