
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ တာမွေမြို့နယ်၊ Orange Mart သို့ (၆-၉-၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် တာမွေမြို့နယ်၊ Orange Mart များတွင် ရောင်းချလျက်ရှိသော ယိုးဒယားနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)