
စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂၅.၇.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်းဈေးနှင့် လှိုင်မြို့နယ် လှိုင်ဈေးကြီးတို့တွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးဖြစ်သော ALPHA (ထမင်းပေါင်းအိုး)၊ Samsonic (ထမင်းပေါင်းအိုး)၊ SHARP(ထမင်းပေါင်းအိုး)၊ FRRFALLA (စားပွဲတင်ပန်ကာ)၊ LEGACY (ခြင်ရိုက်ဘတ်တံ)၊ AMC(မီးပလပ်ခုံ)၊ Kettle(ရေနွေးအိုး)၊ K-Like(အားသွင်ဆလိုက်ဓါတ်မီး)၊ Islor (အားသွင်းပန်ကာ)၊Royal (လျှပ်စစ်မီးပူ) စသော လျှပ်စစ် ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ် ရေးဥပဒေပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိစစ်ဆေးရာ ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)