
တိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ (၁၉.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် ဌာနဆိုင်ရာများပူးပေါင်းပါဝင်၍ သန့်ရှင်းသောရေများ ရရှိရေးညှိနှိုင်း အစည်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ လုပ်ငန်းအစီအမံများ၊ သန့်ရှင်းသော ရေရရှိရေးအရင်းအမြစ်များ စာရင်းပြုစုခြင်းနှင့်စားသုံးသူပြည်သူများ ကျန်းမာစေရေး၊ အမှိုက်ပုံးများကို ဝါ၊ စိမ်း၊ နီ၊ ပြာစနစ်တကျထားရှိရေးကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကော်မတီဝင်များက ကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)