(၁၆.၆.၂၀၂၅)ရက်နေ့ ညနေ (၀၃:၀၀) နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၏ ဦးဆောင်မှုဖြင့် လှိုင်သာယာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းလင်း၊ အတွင်းရေးမှူး ရဲမှူးမောင်မောင်ကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီလာဦး၊ သောင်ကြီးရဲစခန်းမှ ဒုရဲအုပ် ဇော်ဇော်ဉီးပါ(၅)ဉီးနှင့် အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းအဖွဲ့ဖြင့် စစ်ကိုင်းလမ်းပေါ်ရှိ ဦးမျိုး၊ မင်းဘူးလမ်းရှိ ဉီးသန့်ဇော်ဆိုင်များတွင် ရောင်းချနေသော ဈေးနှုန်းများမှာ ဝယ်ယူဈေးထက်သင့်တင့်မျှတသော အမြတ်သာယူ၍ ရောင်းပါကြောင်း ဝယ်ယူသူများ အဆင်ပြေအောင် ဆောင်ရွက်ပေးပါကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းလင်းမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ၊ သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)