မင်းဘူးမြို့၊ မြို့မဈေး၌ အာလူးဈေးနှုန်းကျဆင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ အာလူးကို မကွေးမြို့ပွဲရုံများမှ မှာယူရောင်းချသည့်အပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီး၊အသေးအလိုက်) ကျပ်(၄၀၀၀-၄၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေးအလိုက်) ကျပ်(၄၅၀၀-၅၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)ပိဿာလျှင် ကျပ်(၅၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုကာလတွင် အာလူးစိုက်ပျိုးသည့်ဒေသများတွင် အာလူးအထွက်နှုန်းများလာပြီး မင်းဘူးမြို့အတွင်းသို့ ကုန်ဝင်ရောက်မှုများသောကြောင့် ဈေးနှုန်းမှာကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)