အမေရိကန်ဈေးကွက်ကို ပိုမိုချဲ့ထွင်နိုင်ရန် ရည်ရွယ်၍ မက္ကဆီကိုနိုင်ငံတွင် EV ကားစက်ရုံသစ် တည်ဆောက်သွားမည့် BYD

Powered by Drupal

    တရုတ်နိုင်ငံ၏ ဘတ္ထရီနှင့် လျှပ်စစ်ကား ထုတ်လုပ်သည့် BYD ကုမ္ပဏီသည် မက္ကဆီကိုနိုင်ငံတွင် EV စက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေကြောင်း မက္ကဆီကို နိုင်ငံဆိုင်ရာ ကုမ္ပဏီခွဲ၏ အကြီးအကဲက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် စက်ရုံတည်ဆောက်မည့်နေရာအတွက် မက္ကဆီကိုနိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရပါသည်။

   BYD ကုမ္ပဏီသည် အဆိုပါစက်ရုံကို အမေရိကန်ဈေးကွက်ကို တင်ပို့မှုအတွက် အဓိကဗဟိုချက်အဖြစ် အသုံးပြုသွားမည်ဟု သိရပါသည်။ မက္ကဆီကိုနိုင်ငံသည် ကမ္ဘာကျော်ကားကုမ္ပဏီ ကြီးများ၏ အမေရိကန်ဈေးကွက်ကို တင်ပို့ရန်အချက်အချာကြသော နေရာအဖြစ် တည်ရှိနေပြီး လက်ရှိအချိန်တွင် BMW, Vokswagen, Mercedes Benz နှင့် Toyota ကုမ္ပဏီတို့၏ စက်ရုံများ တည်ရှိနေကြောင်း သိရပါသည်။ အမေရိကန်ဈေးကွက်ကို တင်ပို့ရန်အတွက် မက္ကဆီကိုနိုင်ငံတွင် စက်ရုံတည်ဆောက်ရသည့် အားသာချက်မှာ အမေရိကန်-ကနေဒါ-မက္ကဆီကို ၃ နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် သဘောတူညီချက်ကြောင့် တင်ပို့မှုကုန်ကျစရိတ်နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

Source : electrek

DOCA(ရန်ကုန်)