Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
22 Feb 2024

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နေတိုင်ကြားသူသည် (၂၃-၁-၂၀၂၄)ရက်နေ့တွင် မော်လမြိုင်မှ ပြည်မြို့သို့ ခရီးဆောင်အိတ်နှင့်အတူ စီးနင်းလိုက်ပါလာပြီး အင်းမမြို့အ‌ရောက်တွင် မိမိ၏ခရီးဆောင်အိတ်မရှိတော့ကြောင်းနှင့် လွဲမှားသွားကြောင်းသိခဲ့ရသဖြင့် စပယ်ယာအားမေးမြန်းရာတွင် သုံးဆယ်မြို့တွင် ဆင်းသည့်ခရီးသည်၏အိတ်နှင့် လွဲမှားပါသွားခဲ့ကြောင်းသိရပါသည်။ လွဲမှားသွားသည့်အိတ်ပြန်လည်ရရှိရေး ကားဒရိုင်ဘာ၊ စပယ်ယာတို့နှင့် မိမိဘာသာချိတ်ဆက်‌ဆောင်ရွက်ခဲ့ရာ ထူးခြားမှုမရှိသည့်အတွက် ဖြေရှင်းဆော

15 Jan 2024

   ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် Toyota Crown (White Colour) အား ပြုပြင်ရန်အတွက် ကားဘော်ဒီရုံတစ်ခုတွင် အပ်နှံခဲ့ပါကြောင်း၊ ကားဘော်ဒီရုံမှ မော်တော်ယာဉ်၏ အနောက်ပိုင်းတစ်ခုလုံးအားဖြတ်၍ လဲလှယ်မှုဆောင်ရွက်ခဲ့သောကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန Website Complaint System သို့ တိုင်ကြားလာပါသည်။

15 Jan 2024

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မကွေးမြို့မှအောင်လံသို့ xxxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ (၅) ဖာအား တန်ဆာခ စုစုပေါင်း ငွေကျပ် ၂၃,၅၀ဝ/- ပေးချေပြီး ပေးပို့စေခဲ့ရာတွင် ဆိုင်(၄)ဆိုင်သို့ဂျပ်ဖာများ ရောက်ရှိသော်လည်း ဆေးဆိုင်(၁) ဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဖိုးငွေကျပ် ၆၃၀,၀၀ဝ/- မှာ ရောက်ရှိခဲ့ခြင်းမရှိသည့်အတွက် ဂိတ်မှတာဝန်ရှိသူသို့ ပြောကြားခဲ့ရာ လမ်းတွင်ကျပျောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားလာပါသည်။ ယာဉ်လိုင်းမှတာဝန်ရှိသူနှင့် သွားရောက်

27 Dec 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့် ပတ်သတ်ပြီး  စိစစ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ ၁၈.၁၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဗိုလ်တထောင်ခရိုင် အတွင်းရှိ ပုဇွန်တောင်ဈေး၊  ဘိုကလေးဈေး၊ ဒေါပုံဈေး၊ သာကေတအမှတ်(၂)ဈေး ၊  သိမ်ဖြူဈေးနှင့်

22 Dec 2023

    မကွေးမြို့နေ xxx သည်  ညနေ(၁၆:၀၀)နာရီအချိန်တွင် မကွေးမြို့မှ အောင်လံမြို့သို့ xxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ(၅)ဖာအား တန်ဆာခစုစုပေါင်း ကျပ်(၂၃၅၀ဝ) ပေးချေပြီး ပေးပို့စေခဲ့ပါသည်။ သို့ရာတွင် ဆေးဆိုင်(၄)ဆိုင်သို့ ဂျပ်ဖာများရောက်ရှိသော်လည်း xxx ဆေးဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဘိုးငွေ ကျပ်(၆၃၀၀၀ဝ)မှာ ရောက်ရှိခဲ့ခြင်းမရှိ သည့်အတွက် ဂိတ်တာဝန်ရှိသူသို့ မေးမြန်းခဲ့ရာ လမ်းတွင်ကျပျောက်ခဲ့ခြင်းဖြစ်သည်ဟု ဖြေကြားလာ၍ ယာဉ်လိုင်းမှ တာဝန်ရှိသူနှင့်သွားရောက်ညှိနှိုင်

Pages