Languages

Main menu

ရှမ်းပြည်နယ်အတွင်း ချင်းစျေးကွက်အခြေအနေ

Powered by Drupal

          အောင်ပန်းစျေးကွက်မှာတော့ ချင်းသစ်တွေစတင်ဝင်လာပါပြီ၊ စက်တင်ဘာလ လဆန်းမှာ မိုးများပြီး အပင်သေ (သို့မဟုတ်) သိပ်ပုပ်တဲ့အပင်တွေက မဖော်မဖြစ်ဖော်ရတာကြောင့် စျေးကွက်မှာဝင်လာတဲ့ ချင်းသစ်တွေက အနုတွေသာများတယ်လို့လည်း သိရပါတယ်။ အခုအပတ်မှာတော့ ချင်းတက်သစ်တွေက ရင့်လာပြီ ဖြစ်တာကြောင့် ဖော်ရတာလို့ သိရပါတယ်။ ချင်း(စို)အသစ်က ချင်း(ဥမ)ထက် အထားခံတာကြောင့် လှော်လက်တွေကရော ကုန်သည်တွေကပါပိုပြီး သဘောကျနှစ်ခြိုက်ကြတယ်လို့ သိရပါတယ်။ ချင်းတက်က တစ်နှစ်ပတ်လုံးအရောင်းအဝယ်ဖြစ်တဲ့ သီးနှံဖြစ်တာကြောင့် ချင်း(ဥမ) လို ခပ်မြန်မြန် မရောင်းရင်လည်းရတယ်လို့ သိရပါတယ်။

          ဒီတပတ် အောင်ပန်းစျေးကွက်မှာ ချင်းသစ်က တစ်ပိဿ(၅၀၀ိ/-) ပေါက်စျေးရှိပြီး၊ ချင်း(ဥမ) က တစ်ပိဿ (၁၀၀၀ိ/-) စျေးရှိပါတယ်။ ချင်းစိုစျေးကောင်းတဲ့အချိန်ကစပြီး ချင်းခြောက်ကိုလည်း သိပ်ပြီးမလုပ်ဖြစ်ကြာတာကြောင့် ချင်းခြောက်လက်ကျန်နည်းနေပြီး အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ချင်း(စို) ပိဿချိန်ပေါင်း (၁.၈) သိန်း ပိဿ အရောင်းအဝယ်ဖြစ်ခဲ့သလို ချင်းခြောက်ကလည်း တစ်ပိဿကို ၉၀၀ိ/- ၊ ၁၀၀၀ိ/- စျေးနဲ့ ပိဿချိန်ပေါင်း (၉.၃) သိန်း ပိဿ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။

 

၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်

ဧဧခိုင်(တောင်ကြီး)