Main menu

လုပ်ငန်းရှင်များသို့ ကြိုတင်အသိပေးခြင်း

Powered by Drupal

လုပ်ငန်းရှင်များသို့ ကြိုတင်အသိပေးခြင်း

        ၂၀၁၄ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဃ) အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များပေါ်တွင် သုံးစွဲပုံနှင့်ပတ်သက်သော သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြ၍ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်သွားရန် အမိန့်ကြော်ငြာစာ ကို မကြာမီ ထုတ်ပြန်ကြေညာသွား မည်ဖြစ်ပါသည်။

          အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်မြောက်သည့် နေ့မှစ၍ အာဏာသက်ရောက်မည် ဖြစ်၍ လိုက်နာခြင်းမရှိပါက စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ် ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်သိရှိပြင်ဆင်ဆောင်ရွက်ထားနိုင်ကြပါရန် အသိပေး အပ်ပါသည်။

 

                                                                                                                                                                                                                          စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ