Main menu

ရှမ်းပြည်နယ်လွိုင်လင်ခရိုင်တွင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ မှန်ကန်စွာသုံးစွဲတတ်ရေးပညာပေး

Powered by Drupal

ရှမ်းပြည်နယ်လွိုင်လင်ခရိုင်တွင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ မှန်ကန်စွာသုံးစွဲတတ်ရေးပညာပေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့၊ ပင်လုံမြို့၊ နမ့်စန်မြို့များတွင် ဓါတ်မြေ သြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများမှန်ကန်စွာ သုံးစွဲတတ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များက ပြုလုပ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

          အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးမှု သင်တန်းကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းလဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးမင်းအောင်ဦးဆောင်ပါဝင်သောအဖွဲ့ဝင်(၆)ဦးတို့သည်လွိုင်လင်မြို့ မြို့လယ်ဓမ္မာရုံတွင် တက်ရောက်သူ (၇၇) ဦးအားလည်းကောင်း၊ ပင်လုံမြို့ဝမ်လုံကျေးရွာတွင် တက်ရောက်သူ (၅၂)ဦးအား လည်းကောင်း၊ နမ့်စန်မြို့ စိုက်ပျိုးရေးခန်းမတွင် တက်ရောက်သူ (၆၂) ဦးအားလည်းကောင်း၊ စုစုပေါင်း ၁၉၁ ဦးကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါတယ်။ထို့ပြင် တက်ရောက်လာသူများမှ သိရှိလိုသည် များကိုလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ခြင်း၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ် ဆေးများမှန်ကန်စွာသုံးစွဲတတ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြတယ် လို့သတင်းရရှိပါသည်။

 

(စောမောင်)

တောင်ကြီး