Main menu

လျှပ်စစ်အခြေခံကုန်ပစ္စည်းများ စမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်း

Powered by Drupal

      စားသုံးသူအများပြည်သူတို့အတွက် နေ့စဉ်သုံးစွဲလျက်ရှိသော အိမ်သုံး လျှပ်စစ်ပစ္စည်းများ အပေါ် ပြည်တွင်း/ပြည်ပမှ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်တင်သွင်းသည့်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ ကုန်သွယ်မှုအား အဟန့်အတားမဖြစ်စေရေး၊ ပြည်တွင်းထုတ်လုပ်သူများ အတွက်လည်း နစ်နာဆုံးရှုံးမှု မဖြစ်စေဘဲစားသုံးသူပြည်သူလူထုအတွက် ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှု ရရှိပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောလူနေမှု လူ့ဘောင်ဘ၀ ဖြစ်ပေါ်လာစေရန်၊ စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းများအပေါ် အလေးထားလိုက်နာဆောင်ရွက် ခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ကျင့်စဉ်များ စွဲမြဲလာစေရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် အာမခံချက် ပေးနိုင်သည့် အရည်အသွေးမြင့်မားသော အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ပေးနိုင် စေရန် ရည်ရွယ်ပါသည်။
      စားသုံးသူရေးရာဦးစီးဌာန၊သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေး စီမံခန့်ခွဲရေး ဌာနခွဲ၊ အင်ဂျင်နီယာဌာနစိတ်မှ စျေးကွက်အတွင်းရှိ လျှပ်စစ်ပစ္စည်းများ အရည်အသွေးပြည့်မီခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီမှုရှိ/မရှိ စမ်းသပ် စစ်ဆေးရန်အတွက် လျှပ်စစ်စမ်းသပ်ဓါတ်ခွဲခန်းအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူတို့ဆိပ်ရပ်ကွက်၊ လျှပ်စစ်ပြင်အလုပ်ရုံဝင်းအတွင်းရှိ အလုပ်ရုံတွင် လျှပ်စစ် စမ်းသပ်ဓါတ်ခွဲခန်း ဖွင့်လှစ်ရန် ဆောင်ရွက်လျှက်ရှိပါသည်။
      ပြည်ပမှတင်သွင်းလာသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ပြည်တွင်းထုတ် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား အရည်အသွေးပြည့်မီခြင်းရှိ/မရှိ၊ သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိစမ်းသပ်စစ်ဆေးရန် စျေးကွက်အတွင်းသို့ အဖွဲ့လိုက် မေလမှစတင်၍ တစ်လလျှင်နှစ်ကြိမ် ကွင်းဆင်း၍ နမူနာယူစစ်ဆေး ခြင်း၊စစ်ဆေးတွေ့ရှိချက်များအား မှတ်တမ်းထားရှိခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။      
      Illumination and Wiring စမ်းသပ်စစ်ဆေးမည့်အဖွဲ့အနေဖြင့် ပြည်တွင်း/ပြည်ပမှ တင်သွင်းသော လျှပ်စစ်ဝါယာကြိုးများ၊Copper အရည်အသွေး၊ Rubber Coated အရည်အသွေး၊ Extension Box များ၊ Plug& Socket, Fuse, Breaker, Switch များ၊မီးသီး၊ မီးချောင်း၊ ဆလိုက်မီး၊ LED မီးလုံး၊ Spot Light မီးချောင်းများ၊မီးခေါင်း၊ချုပ်တို့အား အရည်အသွေးပြည့်မီမှု ရှိ/မရှိတို့အား စစ်ဆေးခြင်း၊ Household Electrical Appliances စမ်းသပ်စစ်ဆေးမည့်အဖွဲ့(၁) အနေဖြင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဖြစ်သည့် လျှပ်စစ်မီးဖို၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်ဒယ်အိုး၊ ရေနွေးအိုး၊ အကင်စက်၊ Blander နှင့် မီးဖိုချောင်သုံး လျှပ်စစ်ကိရိယာပစ္စည်းများသည် စံချိန်စံညွှန်းပြည့်မီမှု နှင့် Warranty သတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်မှုရှိ/မရှိတို့အား တိုင်းတာစစ်ဆေးခြင်း၊ Household Electrical Appliances စမ်းသပ်စစ်ဆေးမည့်အဖွဲ့(၂)အနေဖြင့် အိမ်သုံး လျှပ်စစ်ပစ္စည်းများဖြစ်သည့် လျှပ်စစ်မီးပူ၊ ပန်ကာအမျိုးမျိုး၊ Hair Dryer, Air Cooler, အဝတ်လျှော်စက် Warrantyသတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်မှုရှိ/မရှိ တို့အားတိုင်းတာစစ်ဆေးခြင်း၊ Household Transformer and Motor Appliances စမ်းသပ်စစ်ဆေးရေးအဖွဲ့အနေဖြင့် ရေတင်ပန့်မော်တာ၊ Inverter, Step up, Step down Transformer, Safeguard အမျိုးမျိုး၊ အစရှိသည့် လျှပ်စစ်ပစ္စည်းများ၏ဝယ်ယူစဉ်ပါရှိသည့် Specification များနှင့်အညီညီညွတ် ကိုက်ညီမှုရှိ/မရှိ၊ အသုံးပြုပါဝါ မှန်ကန်မှုရှိ/မရှိတို့အားစမ်းသပ်စစ်ဆေးခြင်း၊ Household Gas Appliances စမ်းသပ်စစ်ဆေးရေးအဖွဲ့အနေဖြင့် Refrigerator, Freezer, Air Con: များ၏ Starting နှင့် Running Ampereများကိုက်ညီမှုရှိ/မရှိ၊ Control Unit များအရည်အသွေးပြည့်မီမှုရှိ/မရှိ တို့အားအမျိုးအစားတစ်ခုချင်း အလိုက်၊ Modelအသီးသီးတို့အတွက် စစ်ဆေးစစ်တမ်း ကောက်ယူပြုစုခြင်းများ ဆောင်ရွက်သွားပါမည်။သုံးစွဲသည့် Customer များအပြင်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ်မှကာကွယ်ရန်အတွက် လျှပ်စစ်ပစ္စည်းများအတွင်းထည့်သွင်း အသုံးပြု သောGasများ၏လုံခြုံမှုနှင့် သုံးစွဲမှု အခြေအနေများအားလည်း အခါအားလျော်စွာ စစ်ဆေး၍ မှတ်တမ်းပြုစုဆောင်ရွက် သွားမည်ဖြစ်ပါသည်။ စျေးကွက်တွင်းမှ အိမ်သုံးလျှပ်စစ်ပစ္စည်းများအား စမ်းသပ်စစ်ဆေး၍ သုတေသနပြု တွေ့ရှိချက် များ၊ IEC ( International Electro-technical Commission ) နှင့် AHEEERR (ASEAN Harmonized Electrical and Electronic Equipment Regulatory Regime ) စံချိန်စံညွှန်းများအပေါ်မှီငြမ်း၍ မိမိနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် မြန်မာ့အိမ်သုံး လျှပ်စစ် ပစ္စည်းများ စံချိန်စံညွှန်းသတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ စားသုံးသူ ကိုယ်စားလှယ်များ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ ကုန်ပစ္စည်း တင်သွင်းသည့် လုပ်ငန်းရှင်များ၊ ပြည်တွင်းထုတ်လုပ်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သော အလုပ်ရုံဆွေးနွေးပွဲများ တွင်လည်း ပါဝင်ဆောင်ရွက်မည်ဖြစ်ပါသည်။