Main menu

စားသုံးသူရေးရာ ဗဟိုကော်မတီ

Powered by Drupal

စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ(ကော်မရှင်)မှ ထုတ်ပြန်ကြေငြာချက်များ

  • - စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ(၁၆)အရ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃ ရက် နေ့တွင် ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၁၄ ဖြင့် တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များကို ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့ပြီး ၄င်းအဖွဲ့များအောက်တွင် အောက်ပါလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့ပါသည်။
    • (က)စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီ
    • (ခ)ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းကော်မတီ
  • - စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ(၁၆)အရ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ အောက်ခြေအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ခရိုင်စားသုံးသူအငြင်း ပွားမှုဖြေ ရှင်းရေးအဖွဲ့များကို ဗဟိုကော်မတီ၏ ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၆ ဖြင့် ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့ပါသည်။
  • - စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ(၂၉)၊ ပုဒ်မခွဲ(က)အရ ကုန်စည် သို့မဟုတ် ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ရန် လွတ်လပ် သော တတိယအဖွဲ့အစည်းအဖြစ် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် ကို ဗဟိုကော်မတီ၏ ၅-၅-၂၀၁၇ ရက်နေ့၊ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ ဖြင့် ရွေးချယ် သတ်မှတ်သည့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။
  • - စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ(၁၆)အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို ဗဟိုကော်မတီ၏ ၁၅-၅-၂၀၁၇ ရက်နေ့၊ အမိန့် ကြော်ငြာစာ အမှတ် ၂/၂၀၁၇ ဖြင့် ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့ပါသည်။